ရော်နယ်ဒို အ၀ါကတ်ကို ပယ်ဖျက်ပေး

ဧပြီ ၈ ရက် စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်နဲ့ ဗလက်စီနိုပွဲစဉ်မှာ ခရစ္စတီယာ ရော်နယ်ဒိုကို ပြခဲ့တဲ့ အ၀ါကဒ်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ စပိန် ဘောလုံးအဖွဲ့ချုပ်က ကြေညာပါတယ်။ ဒီအတွက် ဧပြီ ၁၁ ရက် အိမ်ကွင်းမှာ အီဘာနဲ့ကစားမယ့် ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ၅ ကြိမ်မြောက်အ၀ါကဒ် ပြခံရတာဖြစ်ပြီး တပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ် အခြေအနေကနေ လွတ်မြောက် သွားတာ ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲမှာ ပင်နယ်တီရဖို့ ဟန်ဆောင်လဲချတယ်ဆိုပြီး ဒိုင်လူကြီးက ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ရုပ်သံမှတ်တမ်းက အနှေးပြကွက်ကို ပြန်ကြည့်တဲ့အခါမှာတော့ နောက်ခံလူနဲ့ ထိပြီး လဲကျသွားတာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ကို ရီးရဲလ်အသင်းကလည်း စပိန်ဘောလုံး အဖွဲ့ချုပ်ကို ဒီပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up