၁၀ ဘတ်ကြေး ဖဲကစားသည့် ထိုင်းအဘွားအို ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖိကျစ်ခရိုင်မှာ ၁၀ ဘတ်ကြေး ဖဲကစားတဲ့ အဘွားအို ၄ ဦး ဖမ်းဆီးခံရတယ်လို့ ဖိကျစ်ထူဒေးသတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ လူစုလူဝေးနဲ့ ဖဲဝိုင်းထောင်ကြောင်း သတင်းပေးချက်အရ ဖိကျစ်ခရိုင် ဆတ်လိတ်မြို့မ ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင် ၁၀ ဦးဟာ ဧပြီလ ၉ ရက် နေ့ခင်းပိုင်းမှာ သတင်းရထားတဲ့ သရက်ခြံတစ်ခုထဲ ချဉ်းနင်းဝင်ရောက်ပြီး ဖဲသမားတွေကို ၀င်ဖမ်းခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ ဖဲသမားတွေ ထွက်မပြေးနိုင်အောင် ခြံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး ဆယ်မီတာလောက် အကွာမှ အချက်ပေးသံပြုခဲ့တဲ့အတွက် လူရောသက်သေခံပစ္စည်းပါ အားလုံးဖမ်းမိတယ်လို့ သတင်းမှာ ရေးပါတယ်။. ဆက်လက်စစ်ဆေးချက်အရ ဖဲသမား ၄ ဦးရှိပြီး  ၄ ဦးပေါင်း အသက် ၃၀၀ ကျော်တဲ့ လူအိုသက်သေခံ ကတ်ပြားကိုင်ဆောင်သူ အဘွားကြီးတွေဖြစ်ကာ ဖဲ ၁၁၉ ချပ် ၊ စားပွဲခင်းတစ်ထည် နဲ့ လောင်းကစားငွေ ဆယ်ဘတ်တို့ကို သက်သေခံပစ္စည်းအဖြစ် ဖမ်းမိတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို ရဲစခန်းခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ သားသမီးမြေးမြစ်တွေက သူတို့ ကိုယ်ပိုင်အသုံးအဆောင် ကွမ်းအစ်၊ ရှူဆေး စသဖြင့် ယူဆောင်ကာ လာရောက်ကြည့်ရှုပြီး အာမခံ ကိုယ်စီနဲ့ အိမ်ပြန်ခေါ်သွားတယ်လို့ဆိုပါတယ်။ ဖဲကစားသူ အဘွားအို ၄ ဦးရဲ့ အမှုကို မနက်ဖြန်  ဖိကျစ်တရားရုံးမှာ စီရင်ဖို့  ချိန်းဆိုထားကြောင်း ဖိကျစ်သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up