ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်

ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။ အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို  ဧပြီလ ၈ ရက်နေ့ညနေ ၄ နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပိုရဲ့ အစ်မ မအိပုံက ဒီဗွီဘီကို ပြောပါတယ်။ မပိုပိုဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့်  ဆန့်ကျင်တဲ့အစုအဝေး၊ရုံးရင်းးဆန်ခတ်မှုမှာပါဝင်ကျူးလွန်ခြင်းပုဒ်မ တွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့နဲ့ အမှုဖွင့်ခံထားရသူပါ။ ဧပြီလ ၉ရက်နေ့မှာ မပိုပိုကို ကမာရွတ်ရဲစခန်းကနေ ကမာရွတ်တရားရုံးမှာ  အချုပ်သားတရားခံအဖြစ် ရုံးထုတ် ရက်ချိန်းယူပြီး အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ ဧပြီလ၁၀ရက်နေ့မှာ မပိုပိုနဲ့အတူ အမှုတွဲကျောင်းသား ကိုဝင်းကျော်မှူးတို့ နှစ်ဦးကို  အင်းစိန်အကျဉ်းထောင်ကနေ ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။ ဓာတ်ပုံ - ကောင်းထက်ကျော် [gallery ids="88983,88984,88985,88986"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up