အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လယ်တွင် ပေါက်ကွဲမှုဖြစ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့လယ် ဆင်းရဲသားရပ်ကွက်က အိမ်တလုံးထဲမှာ ဧပြီ ၈ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၄ ဦး ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ခဲ့ပြီး အမှုစစ်အရာရှိတွေက အခင်းဖြစ်ရာကို စုံစမ်းစစ်ဆေး နေပါတယ်။ ပေါက်ကွဲမှုက ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅မိနစ်မှာ ဖြစ်တာလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး တာနာအာဘန်ဒေသခေါင်းဆောင် စီရာဂျဒ်ဒင်က ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။ လူနာတွေကို ရဲဆေးရုံဆီ ခေါ်လာပြီး အမှုစစ်ဓာတ်ခွဲခန်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အပြင်းထန်ဆုံး ဒဏ်ရာရသူက ပေါက်ကွဲမှုက သံစတွေ ရင်ဘတ်ကို ထိမှန်ခဲ့တာပါ။ ဖောက်ခွဲရေးပစ္စည်းနဲ့ ပတ်သက်လို့ ရေရာအောင် မပြောပါဘူး။ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာနားက အထုပ်ငါးဆယ်လောက်ထဲမှာ အိမ်ရိုက်သံတွေနဲ့ အနားမှာ အနက်ရောင် အမှုန့်တွေ တွေ့တယ်လို့ ဂျကာတာရဲမှူးက ပြောပါတယ်။ ဗျောက်အိုးနဲ့တူပြီး သံသယဖြစ်စရာ အနက်ရောင် အမှုန့်တွေ အိမ်ရိုက်သံတွေနဲ့ ကျောက်ခဲတွေ ပါတယ်လို့ သူက TV One ရုပ်သံကို ပြောပါတယ်။ “တပ်ဆင်နေချိန် ဖြစ်နိုင်ပြီး နည်းပညာ အမှားအယွင်းကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဗုံးဟာ ပုံမှန်အားဖြင့် အချိန်မှတ် ကိရိယာနဲ့ စနက်တံ ပါရမယ်၊ အခင်းဖြစ်ရာမှာ အဲဒါတခုမှ ရှာမတွေ့ဘူး၊ ဒဏ်ရာနည်းနည်းပဲ ရခဲ့တဲ့လူ ၃ယောက်ကို စစ်မေးနိုင်ဖို့ မျှော်လင့်တယ်” လို့ ရဲမှူးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွင်း ၂၀၀၂ ခုကလည်း ဘာလီဗုံးခွဲမှုအတွင်း လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up