သင်္ကြန်တွင်း မဖွယ်မရာအပြုအမှုများ မလုပ်ကြရန် ချင်းမိုင်ဒေသခံများ တောင်းဆို
DVB
·
April 8, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ကျူံးတ၀ိုက်မှာ ဆင်နွဲတဲ့ သင်္ကြန်ကို ရိုးရာစလေ့ထုံးစံများနဲ့ သင့်တင်လျောက်ပတ်အောင် ကျင်းပဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
သင်္ကြန်ပွဲကျင်းပပုံတွေကို ၃ နှစ်လေ့လာခဲ့ပြီးမှာတော့ ကျူံးတ၀ိုက်မှာ မဖွယ်မရာ လုပ်ဆောင်တဲ့ နေရာ ၁၆ ခုလောက်ရှိနေတယ်လို့ ပြည်သူချစ်သော လူမှုအဖွဲ့ခေါင်းဆောင် တော့ဆာပေါင် အနျူကူက ပြောပါတယ်။
ဒီမဖွယ်မရာ လုပ်ဆောင်ချက်တွေထဲမှာ လှပတဲ့ဒေသခံတွေရဲ့ ရိုးရာဓလေ့တွေကို ဂရုမစိုက်ဘဲ မတော်မရော် ၀တ်စားဆင်ယင် ဖျော်ဖြေတာတွေ လုပ်ဆောင်နေသလို စင်ပေါ်မှာ အရက်သောက်ဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ချင်းမိုင် မြို့တော်ဝန်ရုံးကို ဒေသခံ ၅၀ကို ဦးဆောင်ပြီး ဧပြီ ၇ ရက်နေ့က သွားရောက်တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ ဧပြီ ၉ ရက်မှာ ဒီကိစ္စကို မြို့တော်ဝန်က ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။