ပတ်ကွီရိုနှင့်ထိုးမည့်ပွဲ ဒေါ်လာ ၂ သောင်းခွဲတန် အံကပ်ကို သုံးမည့် မေ၀ယ်သာ

ကမ္ဘာ၀ယ်သာဝိတ် ချန်ပီယံအဖြစ် ဖိလစ်ပိုင် လက်ဝှေ့သမားပတ်ကွီရိုနဲ့ ထိုးတဲ့ပွဲမှာ စိန် ရွှေတွေ ထည့်သွင်း ထားတဲ့ ဒေါ်လာ ၂ သောင်းခွဲတန် အံကပ်ကို အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာက အသုံးပြုမှာ ဖြစ်ပါ တယ်။ မေလ ၂ ရက်မှာ ထိုးမယ့် ဒီပွဲအတွက် ထိုးကြေး ပေါင် ၁၂၂ သန်းကို မန်းနီး (ငွေ)လို့ နာမည်ပြောင်ပေး ထားတဲ့ မေ၀ယ်သာက ရရှိမှာ ဖြစ်ပါတယ်။ အံကပ်အတွက် ဒေါ်လာ ၂ သောင်းခွဲသုံးစွဲမှုဟာ ဒီဇင်ဘာလ ဒယ်ဘောင် အလက်ဇန္ဒားနဲ့ ထိုးတဲ့ ဗြိတိသျှ လက်ဝှေ့သမား အာမီခန်းက ဘောင်းဘီတိုအတွက် ပေါင် ၂ သောင်းနဲ့ အကျီအတွက် ပေါင် ၃ သောင်း အသုံးပြုတာနဲ့ ယှဉ်လိုက်မယ်ဆိုရင် နည်းပါးနေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up