တန်းမဆင်းရေး ရုန်းကန်နေရသည့် အက်စ်တွန်ဗီလာနှင့် ကျူပီအာ သရေကျ

ဧပြီ ၇ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်က အက်စတွန်ဗီလာနဲ့ ကျူပီအာတို့ ပွဲစဉ် ၃ ဂိုးစီသရေကျသွားပါတယ်။ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ကျူပီအာနဲ့ တန်းဆင်းဇုန်နားကပ်နေတဲ့ အက်စတွန်ဗီလာ အသင်းတို့ ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးတွေ အပြန်အလှန်သွင်းယူခဲ့ပါတယ်။ အက်စ်တွန်ဗီလာ နည်းပြ တင်ရှားဝုဒ် စပါးစ်အသင်းကို နည်းပြစဉ် လက်ထောက်အဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိ ကျူပီအာ နည်းပြ ခရစ္စရမ်ဆေးတို့ ပြန်လည်တွေ့ဆုံတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပထမပိုင်း ၇ မိနစ်မှာ ကျူပီအာက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် အက်စ်တွန်ဗီလာက ၁၀ မိနစ်မှာ ချေပဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။ ဒီနောက်ပထမပိုင်း ၃၃ မိနစ်မှာအက်စ်တွန်ဗီလာက ထပ်မံဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ကျူပီအာက ချေပဂိုးသွင်းယူခဲ့သလို ၇၃ မိနစ်မှာ နောက်ထပ် တဂိုး ထပ်မံသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအနိုင်ကို မထိန်းထားနိုင်ဘဲ ၈၃ မိနစ်မှာတော့ အက်စ်တွန်ဗီလာက ချေပဂိုးသွင်းယူပြီး သရေကျသွားတာဖြစ်ပါတယ်။ ဒီပွဲမှာ အက်စ်တွန်ဗီလာက ခရစ္စတီယန် ဘန်တပ်ခ်ကီက ဟတ်ထရစ်သွင်းယူပြီး အရေးကြီးတဲ့ တမှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ကျူပီအာက ၃၂ ပွဲကစား ၂၆ မှတ်နဲ့ တန်းဆင်းဇုန်မှာ ရောက်ရှိနေသလို အက်စ်တွန်ဗီလာက ၃၂ ပွဲကစား ၂၉ မှတ်နဲ့ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေပါတယ်။ [gallery ids="88724,88721,88723,88722"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up