မီတာ ၁၅၀၀ အလွတ်တန်း ရေကူးပြိုင်ပွဲဝင်သည့် အသက် ၁၀၀ ဂျပန်အဖွားအို

ဧပြီ ၄ ရက် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲမှာ အသက် ၁၀၀ ကျော် ဂျပန်အဖွားအိုက ၀င်ရောက်ယှဉ်ပြိုင်ပြီး ပန်းတိုင်ရောက်အောင် ကူးခတ်သွားခဲ့ပါတယ်။ အသက် ၁၀၀ နဲ့၁၀၄ နှစ်ကြား ပြိုင်ပွဲမှာ တဦးထဲကူးခတ် ပန်းဝင်ခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ပထမဆုံး သက်ရာကျော်ရေကူးမယ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်း မတ်ဆုယာမမြို့ ရေကူးပြိုင်ပွဲမှာ ၁ နာရီ ၁၅ မိနစ်ကျော်နဲ့ နောက်ပစ်ကူး ပန်းဝင်ခဲ့တယ်လို့ ဂျပန်သက်ကြီးတန်းရေကူးအဖွဲ့ချုပ်က အတည်ပြုပါတယ်။ ပြီးခဲ့တဲ့နှစ်က အသက် ၁၀၀ပြည့်တဲ့ အဖွားအို မိုကိုနာဂါဟာ အသက် ၁၀၅ နှစ်အထိရေကူးသွားမယ်လို့ပြောပါတယ်။ နောက်ဆုံးအောင်မြင်မှုကို ဂင်းနစ် ကမ္ဘာမှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်နိုင်ဖွယ်ရှိနေပါတယ်။ အဖွား မိုကိုနာဂါဟာ ဒူးရောဂါကြောင့် အသက် ၈၂ နှစ်မှ ရေစကူးခဲ့တာဖြစ်ပြီး နိုင်ငံတကာရေကူးအဖွဲ့ချုပ်က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၂၄ ဆုရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up