Home
မြန်မာသတင်း
ကရင်နီဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွား
DVB
·
April 7, 2015
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားနေပါတယ်။ မီးအရှိန်ပြင်းပြီး ရေရှားပါးမှုကြောင့် မီးမငြိမ်းသတ်နိုင်သေးဘဲ ၁၊ ၁၁ နဲ့ ၁၂ ရပ်ကွက် စတဲ့ ရပ်ကွက်ပေါင်း ၃ ခုထိ ကူးစက် လောင်ကျွမ်းနေပြီး လောလောဆယ် ထိုင်းမီးသတ်ကားတွေ ရောက်လာကာ ၀ိုင်းဝန်းငြိမ်းသတ်နေတယ်လို့ စခန်းကော်မတီ တာဝန်ရှိသူ တဦးက ပြောပါတယ်။ ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ က ဒုဥက္ကဋ္ဌ နော်ခူဖောက “မီးသတ်ကား ၂ စီးနဲ့ ငြိမ်းသတ်နေတယ်။ မီးညွှန့် မကျိုးသေးဘူး။ မီးဘေးသင့်ပြည်သူတွေကို ရပ်ကွက် ၉၊ ရပ်ကွက် ၁၂ ရေချောင်းဘေးအနီးနဲ့ စခန်းအ၀င်ဂိတ်အနီး ယာယီနေရာ ချထားတယ်”လို့ ပြောပါတယ်။ မျက်မြင်တွေအပြောအရတော့ ဒုက္ခသည် နေအိမ် ၁၀ လုံးကျော် ပြာဖြစ်သွားတယ်လို့ ပြောပေမယ့် မီးလောင်ရခြင်းအကြောင်းနဲ့ ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ သောင်းနဲ့ချီ ခိုလှုံနေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024