ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည် ၅၁ ဦးကို တူရကီကယ်တင်

တူရကီနိုင်ငံ အနောက်ဖက် အေဂျီယမ်ပင်လယ်ကမ်းလွန်မှာ လှေနစ်မြုပ်တဲ့ အတွက် ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည် ၅၁ ဦးကို တူရကီ ကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ပါတယ်။ ဧပြီ ၆ ရက်မှာ ပထမအသုတ်မှာ ဒုက္ခသည် ၃၉ ယောက်ကို ကယ်တင်ပြီး လှေပေါ်က ဒုက္ခသည်တွေက ကယ်ဆယ်ဖို့ လက်ဝှေ့ယမ်းပြနေတဲ့ ဗွီဒီယိုဖိုင်တွေကိုလည်း တူရကီ ကမ်းခြေစောင့်တပ်က ထုတ်ပြန်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ ၂၀၁၄ ခုနှစ်က တူရကီကမ်းလွန် အေဂျီယမ်ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည် ၁၂၆၀၀ ကျော် ကယ်ဆယ်ခဲ့ရတယ်လို့ တူရကီအာဏာပိုင်တွေက ပြောဆိုပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း လူ ၂ သိန်းကျော် သေဆုံးခဲ့ကြပြီး ဆီးရီးယားပြည်သူ ၄ သန်းလောက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရတာပါ။ တူရကီနိုင်ငံဟာ ဥရောပနဲ့ အာရှကြားခံနိုင်ငံဖြစ်ပြီး ချမ်းသာတဲ့ နိုင်ငံဖြစ်တာကြောင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုကိုးရာနိုင်ငံ ဖြစ်နေပါတယ်။ ဒါအပြင် လူကုန်ကူးတဲ့သူတွေရဲ့အဓိက ပစ်မှတ်ထားရာနေရာတခုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up