သေဒဏ်ကျ သြစတြေးလျနိုင်ငံသား ၂ ဦး အယူခံ အင်ဒိုတရားရုံး ပယ်ချ

2.1K
သေဒဏ်ချမှတ်ခံထားရတဲ့ သြစတြေးလျနိုင်ငံသား ၂ ဦးရဲ့ အယူခံကို အင်ဒိုနီးရှား တရားရုံးက ဧပြီ ၆ ရက်မှာ ပယ်ချလိုက်ပါတယ်။
အယူခံကို ဂျာကာတာတရားရုံးက ပယ်ချလိုက်တာလို့ အင်ဒရှုးချန်းရဲ့ ရှေ့နေ အူဂျန် အက်ဒူလာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။
သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပယ်ချထားတာကို ငြင်းပယ်ဖို့ အတွက် တရားရုံးက လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းမှာရေးပါတယ်။ သူတို့ ၂ ဦးရဲ့ အယူခံကို အင်ဒိုနီးရှား သမ္မတက ပယ်ချထားတာလည်း ဖြစ်ပါတယ်။
ချန်အမှုကို စီရင်အပြီးမှာတော့ သြစတြေးလျနိုင်ငံသား မျူရန် ဆုကူမရန်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၀၅ ခုနှစ်က ဘာလီကျွန်းကနေ သြစတြေးလျနိုင်ငံထဲကို မူးယစ်ဆေးဝါး ခိုးထုတ်ဖို့ ကြိုးစားမှုနဲ့ သြစတြေးလျနိုင်ငံသား ၂ ဦးဟာသေဒဏ်ချခံခဲ့ရတာပါ။
သူတို့ ၂ ဦးကို တခြား မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေနဲ့ ကွက်မျက်တော့မှာ ဖြစ်ပါတယ်။
တခြားနိုင်ငံခြားသားတွေကတော့ အယူခံကို ဗဟိုတရားရုံးကို လျောက်ထားတာဖြစ်တဲ့ အတွက် ဆုံးဖြတ်ချက် သတင်းပတ်အနည်းငယ်ကြာအုံးမှာ ဖြစ်ပါတယ်။