ကိုင်ရိုမြို့တွင် ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် ရဲ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာ ပြီးခဲ့တဲ့ ဧပြီ ၄ နဲ့ ၅ ရက်နေ့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ရဲ ၁ ဦး သေဆုံးပြီး တခြား ၃ ဦး ဒဏ်ရာရသွားပါတယ်။ ဧပြီ ၅ ရက်နေ့က ဇမ်မာလိခ်မြို့နယ်မှာ ပေါက်ကွဲတဲ့ ဗုံးက အသေအပျောက်ရှိခဲ့တာဖြစ်ပြီး ဧပြီ ၄ ရက်နေ့ အမ်ဘာဘာမြို့နယ်ထဲက ရဲစခန်းအနီးမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့မှုမှာတော့ သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့ လုံခြုံရေး သတင်းအရင်းအမြစ်က ပြောပါတယ်။ အရင်က ဂါဇာ၊ အစ္စရေးနဲ့ စူးအက်စ် တူးမြောင်းတို့နဲ့ နယ်စပ်ဖြစ်တဲ့ ဗဟာဗျူဟာကျတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ မကြာခင်ကပဲ ပြင်းထန်တဲ့ ဗုံးတွေ ပေါက်ကွဲခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မြို့တော် ကိုင်ရိုမှာလည်း အသေးစား ဗုံးကွဲမှုတွေဟာလည်း ပုံမှန်လို တွေ့ လာရပါတယ်။ အမ်ဘာဘာမြို့နယ်မှာလည် အရင်ကလည်း ဗုံးကွဲခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလမှာ အမ်ဘာဘာမြို့နယ်ထဲက စားသောက်ဆိုင်တဆိုင် အပြင်ဘက်ကမှာ ဗုံးကွဲခဲ့ပြီး လူတယောက် သေဆုံးခဲ့ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အီဂျစ် စစ်သွေးကြွအုပ်စုက ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း စစ်တပ်စစ်ဆေးရေး ဂိတ်တဂိတ်ကို တိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်နဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up