အီစတာနေ့ ဆုတောင်းပွဲ ဂျေရုစလင်တွင် ပြုလုပ်

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဂျေရုစလင်မှာ နေထိုင်ကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ ခရစ်တော်ထမြောက်ခြင်းနေ့ ၀တ်ပြုဆုတောင်းပွဲကို ဧပြီ ၅ ရက်နေ့မှာ တက်ရောက်ကြပါတယ်။ ဂျေရုစလင်ဟာ ယေရူခရစ်တော် သတ်ဖြတ်ခံရတဲ့ မြေ၊ မြှုပ်နှံရာမြေ၊ ထမြောက်ရာမြေအဖြစ် အဖြစ် ယုံကြည်တာကြောင့် ခရစ်ယာန်တွေအတွက် အမြင့်မြတ်ဆုံး နေရာ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်ရာပေါင်းများစွာဟာ မြို့ဟောင်းရှိ ဘုရားကျောင်းမှာ စုရုံးပြီး အီစတာ ၀တ်ပြုဆုတောင်းပွဲကို ပြုလုပ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ အလည်ရောက်နေသူတယောက်ကလည်း အခုလို ၀တ်ပြုဆုတောင်းသူ အမြောက်အမြားကို တွေ့ရတာ၊ ခရစ်တော်ရဲ့ ဂုဏ်တော်နဲ့ အနစ်နာခံမှုတွေကို ချီးမွှမ်းတာတွေဟာ ၀မ်းမြောက်စရာကောင်းတယ်လို့ ပြောပါတယ်။ အနောက်ဘက်ကမ်းက ဘက်သလီဟမ်မြို့မှာလည်း အီစတာ ၀တ်ပြုဆုတောင်းပွဲကို ခရစ်တော် ဖွားမြင်ရာ ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်ပါတယ်။ ဒီဘုရားကျောင်း နေရာဟာ မယ်တော် မေရီက ယေရူကို မွေးဖွားခဲ့တဲ့ နေရာအဖြစ် ယုံကြည်ထားကြပါတယ်။ အီစတာ ဆန်းဒေးနေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် မြင့်မြတ်သော ၁ ပတ်တာမှာ အထွတ်အမြတ်နေ့ ဖြစ်ပါတယ်။ [gallery ids="88506,88507,88508"]

More News
Up