ဘာစီနှင့် ရီးရဲလ်တို့အနိုင်ရသည့် လာလီဂါ

4.3K
ဧပြီ ၅ ရက်က ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါ ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ အနိုင်ရသွားပါတယ်။
ရီးရဲလ်က အိမ်ကွင်းမှာ ဂရေနာဒါအသင်းကို ၉ ဂိုး ၁ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားတာပါ။
ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒို ၅ ဂိုး အထိ ရီးရဲလ်အတွက် ပထမဆုံးအကြိမ် သွင်းယူပေးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုဟာ လောလောဆယ် လာလီဂါမှာ သွင်းဂိုး ၃၆ ဂိုးနဲ့ ပြိုင်ဖက် လီယွန်နယ် မက်ဆီထက် ၄ ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။
ရီးရဲလ်အတွက်တော့ ၁၉၆၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် လာလီဂါမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ရီးရဲလ်က ဂိုးပြတ်နဲ့ အနိုင်ရချိန်မှာ ပြိုင်ဖက် ဘာစီလိုနာက အဝေးကွင်းမှာ ဆယ်တာ ဗီဂိုအသင်းကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယားကို ဘာစီလိုနာက ၇၁ မှတ်နဲ့ ဆက်ဦးဆောင်နေပြီး ရီးရဲလ်မက်ဒရစ်က ၆၇ မှတ်နဲ့ ဒုတိယနေရာကနေ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
[gallery ids="88496,88494,88495,88492,88493"]