စပါးစ်သရေကျပြီး နယူးကာဆယ်ရှုံးသွားသည့် ပရီးမီးယားလိဂ်

ဧပြီ ၅ ရက် ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်က ဘန်လေနဲ့ သရေကျပြီး ဆန်းဒါးလန်းက နယူးကာဆယ်ကို အနိုင်ရသွားပါတယ်။ စပါးစ်အသင်းက တိုက်စစ်မှူး ဟယ်ရီ ကိန်းက ဒီပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ပထမဆုံးအကြိမ် ၀တ်ဆင်ခွင့် ရသွားပါတယ်။ ဒါပေမယ့် ပွဲတိုင်းနီးပါး ဂိုးသွင်းနေတဲ့ ကိန်းဟာ ဘန်လေနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်နဲ့ အဆုံးသတ်သွားပါတယ်။ ဒီပွဲသရေကျလို့ စပါးစ်အသင်းဟာ ၅၄ မှတ်နဲ့ အဆင့် ၆ မှာပဲ ရှိနေပြီး ဘန်လေက ၂၆ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၈မှာ ရပ်တည်နေပါတယ်။ ဆန်းဒါးလန်းကတော့ အိမ်ကွင်းမှာ တိုက်စစ်မှူး ဒီဖိုး သွင်းတဲ့ တလုံးတည်းသောဂိုးနဲ့ နယူးကာဆယ်ကို အနိုင်ရသွားတာပါ။ ဒီပွဲနိုင်တဲ့ ဆန်းဒါးလန်းက ၂၉ မှတ်နဲ့ တန်းဆင်းဇုံထဲက ရုန်းထွက်ပြီး အဆင့် ၁၅ မှာ ရပ်တည်နေပြီး နယူးကာဆယ်က ၃၅ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပါတယ်။ [gallery ids="88482,88483,88484,88485,88488,88487,88486"]

More News
Up