မလေးရှား ရဟတ်ယာဉ်ပျက်ကျ ၆ ဦးသေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် တောင်ဘက်မှာ ဧပြီ ၄ ရက်က ရဟတ်ယာဉ်ပျက်ကျတဲ့ အတွက် စီးနင်းသူ ၆ ဦးစလုံး သေဆုံးသွားပါတယ်။ လေယာဉ်ဟာ ရာဘာ စိုက်ခင်းထဲကို ပျက်ကျခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေထဲမှာ  မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ပါတီက အဆင့်မြင့် အဖွဲ့ဝင်တဦးလည်း ဖြစ် လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ဂျာမာလူဒင်ဂျာဂျစ်လည်း ပါသွားတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဒါအပြင် လေယာဉ်ပေါ်မှာ နာဂျစ်ရဲ့ ကိုယ်ရေး အရာရှိလည်းပါသွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိုးသည်းထန်နေချိန်မှာ ရဟတ်ယာဉ်ဟာ ကောင်းကင်ပေါ်မှာ ပေါက်ကွဲ ပျက်စီးသွားတာလို့ မျက်မြင်တွေကိုကိုးကားပြီး မလေးရှား သတင်းတွေက ရေးပါတယ်။ ဒါအပြင် လူ ၃ ဦးအလောင်းကို တွေ့ရှိပြီဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနကတော့ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up