သီရိလင်္ကာက ဘုန်းတော်ကြီး ဒလိုင်လားမားကို ဗီဇာပိတ်ပင်မှု တရုတ်ကြိုဆို

တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကို သီရိလင်္ကာအစိုးရက ဗီဇာ ထုတ်မပေးတဲ့ ရပ်တည်ချက်ကို တရုတ်အစိုးရက ကြိုဆိုလိုက်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမားကို သိရီလင်္ကာ ဘုန်းတော်ကြီးတွေက ပင့်ဖိတ်ခဲ့ပေမယ့် အစိုးရဘက်ကတော့ ဗီဇာ ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒလိုင်းလားမားဟာ သီရိင်္လာကို တကြိမ်မှ ကြွရောက်ဖူးခြင်းမရှိပါဘူး။ ဇန်န၀ါရီလတုန်းကလည်း တရုတ်လိုလားတဲ့ အစိုးရက ဘုန်းတော်ကြီးကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပါဘူး။ အခုတခေါက်မှာလည်း ဗီဇာ ထုတ်ပေးမှာ မဟုတ်ဘူးလို့ သီရိလင်္ကာနိုင်ငံခြားရေး ၀န်ကြီးဌာနက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ သီရိလင်္ကာအစိုးရအနေနဲ့ One China' ပေါ်လစီကို ဆက်လက် ကိုင်ဆွဲသွားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘေဂျင်က သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်းယင်က “သီရိလကာင်္ဟာ တရုတ်နဲ့ အစဉ်အလာ မိတ်ဖက်ဖြစ်သလို၊ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ တရုတ်ပြည်ရဲ့ စိုးရိမ်မှုကို သီရိလင်္ကာက အပြည့်အ၀နားလည်တာကိုလည်း တရုတ်အစိုးရက လေးစားပါတယ်။ အစဉ်အလာ မိတ်ဖက် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။ သီရိလင်္ကာ သမ္မတသစ်ဟာ တရုတ်နဲ့ ဆက်ဆံရေးကို အရင်အစိုးရလက်ထက်တုန်းကလို နီးကပ်လွန်းတဲ့ အခြေအနေမျိုး အဖြစ်မခံတော့ဘဲ အိန္ဒိယဘက်ကို မြားဦးလှည့်လာတာ ရှိပါတယ်။ အိန္ဒိယဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားကို ၁၉၅၉ ခုနှစ်ကတည်းက လက်ခံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ သီရီလင်္ကာဟာ ဘာသာရေးအထွတ်အမြတ် နေရာတွေ အမြောက်အမြား ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ချေးငွေအများစုကတော့ တရုတ်ကို မှီခိုနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up