အာရှဝက်ဝံနက် ၆ ကောင်ကို ထိုင်းက ဖမ်းဆီးထိန်းသိမ်း

အာရှဝက်ဝံနက် ၆ ကောင်ကို ထိုင်းအမျိုးသားဥယျာဉ်၊ တိရစ္ဆာန်နဲ့ သစ်ပင် ထိန်းသိမ်းရေးအဖွဲ့ (ဒီအန်ပီ) က ဧပြီ ၃ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ တရားမ၀င် ကုန်ကူးလာပုံရတဲ့  ၀က်ဝံနက်တွေဟာ ကန်ချနဘူရီက ဘုန်းကြီးကျောင်းမှာ ရောက်နေတာဖြစ်ပြီး အာဏာပိုင်တွေနဲ့ ကျောင်းထိုင်ဆရာတော်တို့ ၂ ရက်တာ ညှိနှိုင်းမှု အဆင်မပြေဘဲ နောက်ဆုံးမှာ ဖမ်းဆီးထိမ်းသိမ်းရတဲ့ အခြေအနေကို ရောက်ခဲ့တာပါ။ ကျောင်းထိုင်ဆရာတော်က ပရာ ၀ီဆူသီရာသရာ (Phra Wisuthisarathera) က တရားမ၀င် ကုန်ကူးတဲ့ကိစ္စမှာ ဘုန်းကြီးကျောင်းနဲ့ ပတ်သက်မှု မရှိဘူးလို့ မိန့်ကြားပါတယ်။ ၀က်ဝံနက်တွေကို ထိုင်းအမျိုးသားဥယျာဉ်၊ တိရစ္ဆာန်နဲ့ သစ်ပင် ထိန်းသိမ်းရေးအဖွဲ့ (ဒီအန်ပီ)  အာဏာပိုင်တွေဆီက ရရှိခဲ့တာဖြစ်ပြီး ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးခဲ့တာ ၁၀ နှစ်တောင် ရှိနေပြီလို့ မိန့်ကြားပါတယ်။ ဒါပေမယ့် ဘုန်းတော်ကြီးဆီမှာ တရားဝင် စာရွက်စာတမ်းတွေတော့ သက်သေမရှိပါဘူး။ ဧပြီ ၃ ရက်နေ့က အာဏာပိုင်တွေဟာ တိရစ္ဆာန်တွေကို ချွန်ဘူရီမှာ ရှိတဲ့ တောရိုင်း တိရစ္ဆာန် ဥယျာဉ်ကို ပို့လိုက်ပါတယ်။ ဒီအန်ပီအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး တန်ညာ နတ်သီတန်ကူ (Thanya Naetithamkul) က ဘုန်းတော်ကြီးဆီက အသာတကြည်နဲ့ တောင်းဖို့ချဉ်းကပ်ခဲ့ပေမယ့် ညှိမရတဲ့အဆုံးမှာ စည်းကမ်းနဲ့အညီ သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။ ထိုင်းဥပဒေအရ မည်သူမဆို တောရိုင်းတိရစ္ဆာန်တွေကို ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ကျားဘုန်းကြီးကျောင်းလို့ သိကြတဲ့ ၀ပ်လောင်တာ မဟာဘူအာ ဘုန်းကြီးကျောင်းဟာ ဘန်ကောက်အနောက်ဘက်မှာ ရှိပြီး ကားနဲ့သွားရင် ၃ နာရီကြာပါတယ်။ နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ ဘုန်းကြီးကျောင်းလည်းဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျားကောင်ရေ ၁၀၀ ကျော် မွေးမြူထားပါတယ်။ အဲဒီထဲက ၉ ကောင်ကိုလည်း ဒီအန်ပီ အဖွဲ့က လှူဒါန်းထားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း တရားမ၀င် ကုန်ကူးလာပုံရတဲ့ ငှက်ရိုင်းတွေ အတော်များများကိုဘုန်းကြီးကျောင်းကနေ  အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဓာတ်ပုံ - ဘန်ကောက်ပို့စ် [gallery ids="88253,88254,88255,88256,88257,88258,88259"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up