Home
ရွေးကောက်ပွဲ
သမ္မတအမိန့်ဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၈ ဦး ထပ်မံခန့်အပ်
DVB
·
April 4, 2015
အထွေထွေရွေးကောက်ပွဲများကျင်းပဖို့ ၆ လလောက် လိုတော့တဲ့အချိန်မှာ သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ကော်မရှင်အဖွဲ့ဝင် ၈ ဦး ထပ်မံခန့်အပ်လိုက်ပါတယ်။ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ ဦးဟာကီး၊ ဒေါက်တာ မောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်းနဲ့ ဒေါက်တာစိုင်းစံဝင်းတို့ ၈ ဦးကို ဧပြီ ၃ ရက်မှာ သမ္မတအမိန်နဲ့ ထပ်မံခန့်အပ်လိုက်တာဖြစ်ပါတယ်။ အခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၁၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ မတ်လ ရေဒီယိုမိန့်ခွန်းမှာ အတည်ပြုပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024