၆၆ ရက်ကြာ ပင်လယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသားတဦးကို ကယ်ဆယ်

ပင်လယ်ပြင်မှာ ၆၆ရက်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသားတယောက်ကို အမေရိကန် ပြည်ထောင်စု ကာရိုလိုင်းနား ကမ်းရိုးတန်းမြောက်ပိုင်းကနေ ကယ်နိုင်ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဂျာမန် အလံလွှင့်ထားတဲ့ သင်္ဘောတစီးက အသက် ၃၇နှစ် လူးဝစ်ဂျော်ဒန်ကို  ဟတ်တေးရပ်စ် အငူရဲ့ အရှေ့ဘက် မိုင် ၂၀၀လောက်မှာ တွေ့ခဲ့တာလို့ ဧပြီ ၂ ရက်က ထုတ်ပြန်ပါတယ်။ သူကို ရဟတ်ယာဉ်ပေါ် ခေါ်တင်လာ ခဲ့ပြီး ဗာဂျီးနီးယား ဆေးရုံ တင်ပို့ပေးခဲပါတယ်။ စက်လှေပေါ်မှာ  စားစရာ တချို့ပါပြီးပိုက်ကွန်နဲ့ ငါးဖမ်းစားခဲ့သလို မိုးရေကို သောက်သုံးပြီး ပင်လယ်ပြင်မှာ ရှင်သန်ရပ်တည်ခဲ့တာလို့ လူးဝစ်ဂျော်ဒန်က ပြောပါတယ်။ အသက်ရှင်သန်ရလို့ ကျေးဇူးတင်သလို မိသားစုနဲ့ ပြန်နေရတာ ချစ်ခြင်းမေတ္တာကိုခံစားရတယ်လို့လည်း သူက ပြောပါတယ်။ ဇန်နဝါရီ နှောင်းပိုင်းတည်းက လူးဝစ်ဂျော်ဒန်ဟာ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေခဲ့ပြီး အသက်ရှင်လျက်ရှိမရှိကို မိသားစုဝင်တွေက စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေခဲ့ပေမယ့်လည်း ရှာမတွေ့တဲ့ အတွက် အမှုကို ပိတ်သိမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up