ဒဏ်ရာကြောင့် မန်စီးတီးအသင်းနှင့်ပွဲ လွဲချော်မည့် ဗန်ပါစီ

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီအနေနဲ့ မြိုခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ကစားရမယ့် မန်ယူဒါဘီပွဲစဉ်ကို ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဗန်ဂေါက ပြောပါတယ်။ ဖေဖော်ဝါရီ ဆွမ်ဆီးအသင်းကို ရှုံးနိမ့်တဲ့ပွဲမှာ အသက် ၃၁ နှစ် ဗန်ပါစီဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ၅ ပွဲလောက်ကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗန်ပါစီက ကစားဖို့ အသင့်ဖြစ်နေပေမယ့် အတွေ့အကြုံအရ ကစားလို့ မရနိုင်တာကို သိနေတယ်လို့ ဗန်ဂေါက ပြောပါတယ်။ ဒါအပြင် ဧပြီ ၁၂ ရက် မန်ယူအိမ်ကွင်းမှာ အိုးထရက်ဖိုဒ်မှာ မန်စီတီးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး သူက ၀န်ခံသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up