၁ နှစ်တာ ကမ္ဘာ့အကောင်းဆုံးကားဆု ၃ ဆု မာစီဒီးကုမ္ပဏီ ဆွတ်ခူး

အခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကားဆုကို ဂျာမနီနိုင်ငံ မာစီဒီးကုမ္ပဏီထုတ် ကားမော်ဒယ် ၃ ခုက ၁ နှစ်ထဲမှာ ဆု ၃ ဆုကို ဆွတ်ခူးသွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ကားပြပွဲမှာ ကမ္ဘာ့အကောင်းဆုံးကား ဆုတွေကို ကြေညာခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးကားဆုကို မာစီဒီး ဘင့်ဇ် စီ ကလပ် (Mercedes-Benz  C-Class)ကားကို ရွေးချယ်ပါတယ်။ နောက်ဆုံး ဆန်ကာတင်အဖြစ် ဖိုဒ့် မူစ်စတန်(Ford Mustang)နဲ့ ဗော့စ်ဝတ်ဂွန်း ပတ်စ်ဆက်တ်(Volkswagen Passat) ကားတို့နဲ့အပြိုင် မာစီဒီး ဘင့်ဇ် စီ ကလပ်ကို ရွေးချယ်ခဲ့တာပါ။ အဲဒီဆုအတွက် ကမ္ဘာတ၀န်းက ကား ၂၄ စီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ မာစီဒီးကုမ္ပဏီက နောက်ထပ် ရရှိခဲ့တဲ့ဆုကတော့ ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံကားဆုဖြစ်ပြီး မာစီဒီး ဘင့်ဇ် အကစ် ကလပ် ကုတ်ပ် (ခု) က ရရှိခဲ့ပြီး အခုနှစ်အတွက် စွမ်းဆောင်ရည် အကောင်းဆုံးကားဆုကိုလည်း မာစီဒီး အေအမ်ဂျီ ဂျီတီ(Mercedes AMG GT) ကရရှိသွားပါတယ်။ အခုလို ၁ နှစ်ထဲမှာ ကားကုမ္ပဏီတခုထဲက ၁ နှစ်တာအကောင်းဆုံးကား ဆု ၃ ဆုကို ဆွတ်ခူး သွားတာဟာ ပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတတည်းက တခါမှာ မရှိဖူးခဲ့လို့ မာစီဒီးကားကုမ္ပဏီ နိုင်ငံတကာဆက်ဆံရေး ညွန်ကြားရေးမှူး ခရစ်စတိုဖွန်က ပြောဆိုပါတယ်။ ကမ္ဘာ့ဇိမ်ခံကားဆုကို မနှစ်ကလည်း မာစီဒီး ဘင့်ဇ် ကပဲ ရရှိခဲ့တာ ဖြစ်ပြီး အခုနှစ်နဲ့ပါဆိုရင် ၂ နှစ် ဆက်တိုက်ရရှိတာပါ။ အခုနှစ်အတွက် လေထုသန့်ရှင်းမှုကားဆုကိုတော့ ပြိုင်ဖက်ကားကုမ္ပဏီဖြစ်တဲ့ ဘီအမ်ဒဗလျူ အိုင် ၈ (BMW i8) က ရရှိပါတယ်။ ကားဒီဇိုင်းဆုကိုတော့ ပြင်သစ် စီထွမ်န် (Citroen) ကားကုမ္ပဏီထုတ် စီ ၄ ကတ်စ်တော့်စ်(C4 Cactus) က ရရှိခဲ့ပါတယ်။ ဓာတ်ပုံ - Steven J. Ewing [gallery ids="88179,88180,88181,88182,88183,88184,88185,88186,88187"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up