ဖိလစ်ပိုင်တွင် မုန်တိုင်းဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်

လာမယ့် ဧပြီ ၄နဲ့ ၅ ရက်နေ့မှာ  ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတလုံး ထပ်မံ ၀င်ရောက်ဖို့ ရှိနေအတွက် ဖိလစ်ပိုင်နိုင်ငံမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပြင်ဆင်နေရပါတယ်။ မေဆက်က်အမည်ရ  (Maysak) တိုင်ဖုန်းမုန်တိုင်းဟာ လက်ရှိ  ၁ နာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၇၀၀ အကွာမှာ တိုက်ခတ်နေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်သန်းချိန်မှာ အားပျော့သွားနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေ၀သဌာနနဲ့ ဗြိတိန်နိုင်ငံအခြေစိုက် မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ကရော ခန့်မှန်းထားပါတယ်။ လာမယ့် ဧပြီ ၄ နဲ့ ၅ ရက်နေ့ဟာ ခရစ်တော်ရှင်သန်ထမြောက်ခြင်းနေ့ ဖြစ်တဲ့ ရုံးအားလပ်ရက်တွေလည်း ဖြစ်တာကြောင့် နိုင်ငံမြောက်ပိုင်းကို ခရီးထွက်ကြနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဖိလစ်ပိုင်ခရီး သွားပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးဖြစ်တယ်လို့ ဖိလစ်ပိုင်ဘေးအန္တရာယ်ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။ ဒါကြောင့် မုန်တိုင်းသတိပေးချက်တွေလည်း ကြိုတင်ထုတ်ပြန်ထားတယ်လို့ လည်း ပြောဆိုပါတယ်။ [gallery ids="88072,88073,88074"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up