Home
မြန်မာသတင်း
နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ငှက်ကုလားအုတ် စက်ရုပ်လေး
DVB
·
April 2, 2015
ဒီနေ့မှာလည်း အေထရီးရပ်စ်လို့ခေါ်တဲ့ စက်ရုပ်လေးခမြာ နှိပ်စက်ညှဉ်းပန်း ခံနေရပြန်ပါတယ်။ ခုလိုညှဉ်းပန်း မခံရရင်လည်း ဘောလုံးတွေနဲ့ အဆက်မပြတ်ထုနှက်ခံရပါတယ်။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ဒီလောက် နှိပ်စက်နေတဲ့ကြားက စက်ရုပ်ဟာ သူ့ခြေထောက်ပေါ်သူ ဆက်ပြီး ရပ်တည်နေနိုင်တာပါပဲ။ ခြေနှစ်ချောင်းပါ တခြားစက်ရုပ်တွေနဲ့ မတူတာကတော့ ဒီစက်ရုပ်ကို လူသားတွေလို ရွေ့လျားနိုင်အောင် ဒီဇိုင်းထွင်ထားခြင်းပါ။ အော်ရီဂွန်တက္ကသိုလ်မှ သုတေသီတွေဟာ ငှက်တကောင်ကိုတုပပြီး အေထရီးရပ်စ်ဆိုတဲ့ ငှက်ကုလားအုတ် စက်ရုပ်ကို ပုံစံထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဇိုင်းထွင်ရာမှာ စွမ်းအင်ကိုချွေတာပြီး  ပေါ့ပါးသွက်လက်မှုနဲ့ ဟန်ချက်ညီမှုကို များနိုင်သမျှ များများရအောင် ဖန်တီးလုပ်ဆောင်ထားတာဖြစ်ပါတယ်။ အေးထရီးရပ်စ်ကို စပရင်ကန်အားနဲ့ခုန်တဲ့ပိုဂိုတုတ်လို ကာဗွန်ဖိုက်ဘာနဲ့ လုပ်ထားတဲ့ ခြေထောက်နှစ်စုံ တပ်ဆင် ပေးထားပါတယ်။ အဲဒီခြေထောက်နှစ်စုံက အဆက်မပြတ် လှုပ်ရှားနေတာပါ။ သူ့ကို ထုရိုက်လာသမျှကို မရှောင်ရှားနိုင်ခဲ့ရင် ထုတ်ပေးရမယ့် စက်စွမ်းအင်ကို ဒီဖိုက်ဘာခြေထောက်ရဲ့စပရင်တွေထဲမှာ  သိုလှောင်ထားပါတယ်။ နည်းနည်းချိန်ညှိပေးလိုက်ရုံနဲ့ ငှက်ပုံစံစက်ရုပ်တွေကနေတဆင့် ပိုမြန်ဆန်တဲ့ ခြေနှစ်ချောင်းပါ စက်ရုပ်အဖြစ် အသွင်ပြောင်းပစ်နိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အေးထရီးရပ်စ် စီမံကိန်းအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သုတေသနအဖွဲ့ခွဲ DAPRA မှ ငွေကြေး ထောက်ပံ့ခဲ့တာပါ။ တချိန်မှာ လူသားတွေအတွက် အလွန်အန္တရာယ်များတဲ့ဇုန်တွေမှာ  ဒီစက်ရုပ်က အလုပ်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေ့ကို ရောက်မလာခင်ထိတော့ သိပံ္ပပညာရပ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး အေးထရီးရပ်စ်ကို နှိပ်စက်ညှဉ်းပန်းနေကြဦးမှာ ဖြစ်ပါတယ်။ [gallery ids="88056,88057,88058,88059"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024