Home
မြန်မာသတင်း
ဖားကန့်မြေပြို ၉ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
April 1, 2015
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေပြိုမှု ထပ်မံဖြစ်ပွားပြီး အမျိုးသား ၉ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရ သွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၃၀ ရက် မနက်အစောပိုင်းက  ဖားကန့်မြို့နယ် ဆွတ်အောင်ကျွေးရွာ အနီး ရာဇဌာနီ ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာနေကြစဉ်  အမြင့်ပေ ၃၀၀ လောက်ရှိတဲ့ မြေစာတွေ ရုတ်တရက်ပြိုကျခဲ့ တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ မြေစာပြိုကျမှုကြောင့် မြေသယ်ယာဉ် ၁ စီးနဲ့ ရေမဆေးကျောက်ရှာသူ  အယောက် ၃၀ လောက်မြေစာတွေ ပိမိခဲ့ကြောင်းနဲ့  အမျိုသား ၉ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ ရှိခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။ ပျောက်ဆုံးနေသူတွေကို ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ဂရှိသူတွေက ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီနဲ့ မတ်လဆန်းပိုင်းကလည်း  မြေစာပုံ မတော်တဆ ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးပျောက်ဆုံးမှုရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024