ကုလလူ့အခွင့်အရေးရုံး တောင်ကိုးရီးယားတွင် ဖွင့်ပါက တိုက်ခိုက်မည်ဟု မြောက်ကိုးရီးယားပြော

မြောက်ကိုးရီးယားရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို စောင့်ကြည့် လေလာမယ့် လူ့အခွင့်အရေးရုံး တောင်ကိုးရီးယားတွင် ဖွင့်ခွင့်ပေးပါက ပထမဆုံး တိုက်ခိုက်ရမယ့် ပစ်မှတ်တခုလို့ မြောက်ကိုးရီးယားက ပြောပါတယ်။ ကိုးရီးယား ၂နိုင်ငံ ကိစ္စရပ်တွေကို တာဝန်ယူလုပ်ဆောင်နေတဲ့ ကိုးရီးယား ငြိမ်းချမ်းစွာ ပေါင်းစည်းရေးကော်မတီ မတ် ၃၀ ရက်မှာ အခုလို ပြောဆိုလိုက်တာလို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ ဒီရုံးဟာ ဒီနှစ်ထဲမှာ ဆိုလ်းမှာဖွင့်မယ်လို့ ခန့်မှန်းနေကြတာလည်း ဖြစ်ပါတယ်။ တောင်ကိုးရီးယားက စစ်ဆုပ်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုကို ကိုးရီးယားပြည်သူတွေအပေါ် ကျူးလွန်နေတယ်လို့ မြောက်ကိုးရီးယားက ပြောပါတယ်။ မြောက်ကိုးရီးယားက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကို ကုလ ကော်မရှင်က ပြောဆိုပြီး အရင်နှစ်မေလက ရုံးဖွင့်ဖို့ ကုလက တောင်ကိုးရီးယားကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ကုလကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို မြောက်ကိုးရီးယားက ငြင်းဆိုခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ မဟာမိတ်တွေ ရေးထားတာလို့ စွပ်စွဲလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up