ယူ ၂၃ အာရှခြေစစ်ပွဲ သြစတြေးလျကို မြန်မာရှုံး

တိုင်ပေမှာ ကျင်းပနေတဲ့ အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(စ) တတိယပွဲစဉ် အဖြစ် မြန်မာက သြစတြေးလျ အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပထမပိုင်း ၁၀ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ သြစတြေးလျ က ၂ ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သြစတြေးလျအသင်းက ၃ ဂိုး ထပ်မံသွင်းယူခဲ့သလို မြန်မာအသင်း ကတော့ နှစ်သိမ့်ဂိုး တဂိုး ရရှိခဲ့ပါတယ်။ သြစတြေးလျအသင်းက မြန်မာအသင်းကို နိုင်လိုက်တဲ့ အတွက် ၃ ပွဲကစား ၃ပွဲနိုင်နဲ့ အာရှ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဟောင်ကောင်ကို ၂ ဂိုး ၁ဂိုး၊ တိုင်ပေကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် သြစတြေးလျကို ရှုံးနိမ့်သွားတဲ့အတွက် အုပ်စု ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။ အုပ်စု ၁၀ ခုက ပထမရတဲ့အသင်း ၁၀ သင်းနဲ့ ဒုတိယရတဲအသင်းထဲက အကောင်းဆုံး အသင်း ၅ သင်း ခြေစစ်ပွဲ အောင်မှာ ဖြစ်ပါတယ်။ ယူ ၂၃ အာရှ ခြေစစ်ပွဲကို အသင်း ၄၃ သင်းက အုပ်စု ၁၀ စုခွဲပြီး ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ အိမ်ရှင် အပါအ၀င် အသင်း ၁၆ သင်းယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ [gallery ids="87919,87918,87920,87921"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up