လီကွမ်ယုကို စော်ကားသည့် ဗွီဒီယိုတင်သည့် လူငယ် အဖမ်းခံရ

ကွယ်လွန်သွားတဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုနဲ့ ခရစ်ယာန်ဘာသာကို အပြင်းအထန်ပုတ်ခတ်စော်ကားတဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက် ယူကျူကနေ တင်ခဲ့တဲ့ စင်ကာပူ လူငယ်တဦးကို မတ် ၂၉ ရက်က ဖမ်းဆီးလိုက်ပါတယ်။ ၁၇ နှစ် အေးမားရီဟာ လီကွမ်ယုကွယ်လွန်သွားတာကို အောင်ပွဲခံပြောဆိုခဲ့ပြီး သူ့ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို အပြင်းအထန်ပုတ်ခတ်ခဲ့သလို သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကိုလည်း တရားစွဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ လီကွယ်ယု ကွယ်လွန်လို့ ၀မ်းနည်းပူးဆွေးနေတဲ့ နိုင်ငံသားတွေ အကြား ဒီဗွီဒီယိုဖိုင်ကို ဆန့်ကျင် ဝေဖန်ခံခဲ့ရပါတယ်။ ရဲက အမှု ၂၀နဲ့ စွဲဆိုထားသလို အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ စင်ကာပူမှာ အသရေဖျက်မှုဟာ ရာဇ၀တ်ပြစ်မှုမမြောက်ပေမယ့် လူမျိုးရေး ဘာသာရေး စော်ကားမှုကိုတော့ အပြင်းအထန်ပိတ်ပင်ထားပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ပေးဆောင်ရနိုင်ပါတယ်။ အဖမ်းခံရပြီး ဗွီဒီယို ပြန်ဖြုတ်ချခဲ့ပေမယ့် ဗွီဒီယိုဖိုင်ကတော့ ဆက်လက် ပျံနှံနေပါတယ်။ လီကွမ်ယုဟာ စင်ကာပူကို တံငါရွာလေး အဆင့်ကနေ ကမ္ဘာ့ငွေကြေးဗဟိုဌာန၊ စီးပွားရေး အချက်အချာဖြစ်အောင် ဦးဆောင်ခဲ့ပေမယ့် နိုင်ငံကို နှစ် ၃၀ ကြာ အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့သူလို့ ပြစ်တင်ဝေဖန်ခံရတာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up