မိုင်ယာမီ အိုးပန်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့် အကြိတ်အနယ်ယှဉ်ပြိုင်

အမေရိကန်နိုင်ငံ  ယှဉ်ပြိုင်သွားတဲ့ မိုင်ယာမီ အိုးပန်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ ဂျပန်နိုင်ငံသား နစ်ရှီကိုရီနဲ့ ကနေဒါက မီလို့စ် ရိုနစ်တို့ အသီးသီး အနိုင်ရသွားပါတယ်။ ကမ္ဘာ့အဆင့် ၄ နစ်ရှီကိုရီက အဆင့် ၃၂ ဆားဘီးယားသား ထရော့စီကီးကို ၆ - ၂နဲ့  ၂ ပွဲပြတ် အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။ မီယာမီအိုးပန်း တတိယအဆင့်မှာပဲ ကနေဒါက ကမ္ဘာ့အဆင့် ၅ မီလို့စ် ရိုနစ်က အဆင့် ၃၁ ပြင်သစ်က ဂျရမီ ချာဒီကို အနိုင်ရသွားပါတယ်။ ပထမပွဲကို ရိုနစ်က ၆ - ၁ နဲ့ နိုင်ပေမယ့် ဒုတိယပွဲမှာ ချာဒီက ၇ - ၅နဲ့ အနိုင်ရသွားတာပါ။ နောက်ဆုံးပွဲမှာ ရိုနစ်က အကြိတ်အနယ် ယှဉ်ပြိုင်အပြီးမှာ ၇ - ၆နဲ့ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up