ယီမင်နိုင်ငံတွင်း စစ်ပွဲများကြောင့် အိန္ဒိယနိုင်ငံသားများကို ကယ်ထုတ်

အိန္ဒိယအစိုးရဟာ ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ အိန္ဒိယနိုင်ငံသား အယောက် ၅၀၀ လောက်ကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က နေရပ်ပြန်ခေါ်ခဲ့ပါတယ်။ သမ္မတ ထွက်ပြေးရလောက်အောင် ဖိအားပေးခဲ့တဲ့ အီရန်ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေကို ဆော်ဒီခေါင်းဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ ၄ ရက်မြောက်နေ့ အပြီး ခုလို နေရာရွှေ့ခဲ့တာပါ။ အဲအိန္ဒိယ လေကြောင်းလိုင်းရဲ့ ခရီးသည်အယောက် ၁၈၀ တင်နိုင်တဲ့ အဲဘတ်စ် A-321ဟာ မတ် ၃၀ ရက်နေ့ မနက်ပိုင်းက နယူးဒေလီကနေ အိုမန်နိုင်ငံ မတ်စ်ကတ်ဆီ ပျံသန်းရောက်ရှိနေပြီး အဲဒီနောက် ယီမင်နိုင်ငံ မြို့တော်ဆာနာကို ပျံသန်းခွင့် ကင်းရှင်းကြောင်း ရဖို့စောင့်နေတယ်လို့ လေကြောင်းလိုင်းပြောခွင့်ရက ပြောပါတယ်။ မတ် ၂၉ ရက်နေ့က အိန္ဒိယအစိုးရဟာ ယီမင်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားအ ယောက် ၈၀ ကို ဆာနာမြို့တော်ကနေ အေဒင်ပင်လယ်ကွေ့တဖက်ကမ်းက ယီဘူတီမြို့ဆီကို ကယ်ထုတ်ခဲ့ရပါတယ်။ လောလောဆယ် အိန္ဒိယနိုင်ငံသား ခန့်မှန်းခြေ အယောက် ၂၅၀၀ ကနေ အယောက် ၃၀၀၀ လောက်ဟာ ဆာနာမြို့တော်နဲ့ မြို့တော်အနီးအနားမှာ နေတယ်လို့ ယုံကြည်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up