မြန်မာ့လက်ရွေးစင်အသင်းက အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို ရှုံးနိမ့်

မတ် ၃၀ ရက်နေ့က ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲစဉ်မှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းက မြန်မာ့လက်ရွေးစင်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားပြီး အိမ်ရှင် အင်ဒိုနီးရှားအသင်းက ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပိုလုပ်နိုင်ခဲ့ပြီး မြန်မာဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ မြန်မာဖက်က တိုက်စစ်မှူး ကြည်လင်းရဲ့ ကန်ချက်ကိုလည်း တဖက်ဂိုးသမား ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အင်ဒိုအတွက် အနိုင်ဂိုးတွေကို မိနစ် ၆၀ နဲ့ ၇၅ မိနစ်မှာ သွင်းယူပါတယ်။ မြန်မာအတွက် ချေပဂိုးတဂိုးကို ဒေးဗစ်ဒန်းက ပွဲပြီးကာနီးမှာ သွင်းယူပါတယ်။ မြန်မာနည်းပြချုပ်ကတော့ အင်ဒိုအသင်းက အခွင့်အရေး တော်တော်များများ ရခဲ့သလို ကျနော်တို့အသင်းကလည်း အပိုင်အခွင့်ရေးတွေ ရခဲ့ပါတယ်။ ဒီပွဲကနေ အမှားတွေကို သင်ခန်းစာယူရမယ်လို့ ပွဲအပြီးမှာ ပြောဆိုကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up