နာမည်ကြီးများ အနိုင်ရသည့် မိုင်ယာမီ အိုးပင်းတင်းနစ်ပြိုင်ပွဲ

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မိုင်ယာမီ အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ နာမည်ကြီးတွေထဲက အင်ဒီ မာရေး၊ ဂါရီ မွန်ဖီးလ်တို့ အနိုင်ရပြီး ဝေါ်ဝင်ကာက ရှုံးသွားပါတယ်။ ဗြိတိန်သား မာရေးက ကိုလံဘီယာက ဂျီရယ်ဒိုကို တတိယအဆင့်မှာ ၂ ပွဲပြတ် နိုင်ပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။ မာရေးဟာ ဒီပြိုင်ပွဲမှာ နိုင်ခြေအဆင့် ၃ ရထားပါတယ်။ ဆွစ်ဇာလန်က ကမ္ဘာ့အဆင့် ၇ ဝေါ်ဝင်ကာ ကတော့ ပြင်သစ်က မန်နာရီနိုကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ၂ ပွဲပြတ်နဲ့ တတိယအဆင့်မှာ ရှုံးပြီး ပြိုင်ပွဲကို စောစောစီးစီး နှုတ်ဆက်သွားရပါတယ်။ မိုင်ယာမီအိုးပင်း တတိယအဆင့်မှာပဲ ပြင်သစ်နိုင်ငံသား ဂါရီ မွန်ဖီးလ်က တနိုင်ငံတည်းက ဂျိုဝဲဖရိုက် တက်စွန်ဂါကို ၂ ပွဲပြတ်နဲ့ နိုင်ပြီး စတုတ္ထအဆင့်ကို တက်ရောက် သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up