Home
အထွေထွေ
သတင်းသမားများ ဖမ်းဆီးခံရမှု စိုးရိမ်ကြောင်း နိုင်ငံတကာသတင်းစာဆရာများပြော
DVB
·
March 29, 2015
မြန်မာနိုင်ငံက သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ၊ ရိုက်နှက်ခံရတာတွေက အနာဂတ်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် စိုးရိမ်စရာကောင်းတယ်လို့ နိုင်ငံတကာသတင်းစာဆရာတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတင်းရယူတဲ့အခါမှာ အစိုးရက ဖမ်းဆီးထောင်ချတာ ရိုက်နှက်တာတွေကို မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတကာသတင်းစာဆရာတွေက ကန့်ကွက်လိုပ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် International Press Institute က ကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို ရန်ကုန်မြို့ချက်ထရီယံ ဟိုတယ်မှာ မတ် ၂၇ ရက်နေ့ကစပြီး ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ ပထမနေ့မှာပဲ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုမရှိတဲ့အကြောင်းကို သတင်းသမားတွေက ဆွေးနွေးပွဲအတွင်းနဲ့ အပြင်တွေမှာ ဆန္ဒပြဖော်ထုတ်ခဲ့ပါကြတယ်။ အဲဒီပွဲကို တက်လာတဲ့ နိုင်ငံတကာက သတင်းစာဆရာတွေက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့သတင်းထောက်တွေက ပြောတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် မီဒီယာလွတ်လပ်ခွင့်ဆိုတာ တကယ်လိုအပ်တယ်လို့ နိုင်ငံတကာသတင်းစာဆရာတွေက ပြောပါတယ်။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ် နေတဲ့အပြင် မီဒီယာဆိုတာ တိုင်းပြည်အပြောင်းလဲရဲ့ တစိတ်တပိုင်းဖြစ်တဲ့အတွက် မီဒီယာသမားတွေအနေနဲ့ သတ္တိရှိဖို့တော့ လိုမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ နိုင်ငံတကာသတင်းစာဆရာတွေက ဆွေးနွေးပွဲအပြီး မတ်လ ၂၉ ရက်နေ့က ဒီဗွီဘီ ရုပ်သံဌာနကိုလည်း လာရောက်လေ့လာခဲ့သလို မြန်မာနိုင်ငံမှာရှိတဲ့ သတင်းဌာနတချို့ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ သတင်းရုပ်သံ- အောင်သူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024