ပြည်တွင်းရေးကို အီရန်ဝင်စွက်ဟု ယီမင်သမ္မတ စွပ်စွဲ

ယီမင်နိုင်ငံ ပြည်တွင်းရေး မတည်မငြိမ် ဖြစ်အောင် ၀င်ရောက်စွက်ဖက်နေတယ်လို့ အာရပ်နိုင်ငံများ ညီလာခံမှာ ယီမင်သမ္မတက စွပ်စွဲလိုက်ပါတယ်။ ရှီယာဟူသီသူပုန်တွေဟာလည်း အီရန်နိုင်ငံရဲ့ လက်ကိုင်တုတ်တွေလို့ မတ် ၂၈ ရက်က ပြောတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ ဟူသီသူပုန်တွေကို ထောက်ခံအားပေးတယ်ဆိုတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စွပ်စွဲချက်ကို သူပုန်တွေ အပါအ၀င် အီရန်နိုင်ငံကပါ ငြင်းဆန်ထားပါတယ်။ ယီမင်နိုင်ငံမှာ နယ်မြေတွေ အမြောက်အမြား သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်တွေကို အာရပ်ညီလာခံမှာ တက်ရောက်နေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင်ရှုတ်ချလိုက်ပြီး အားလုံးဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းပြောဆိုပါတယ်။ အိမ်နီးချင်း ဆော်ဒီအာရေးဗီးယား နိုင်ငံ ဦးဆောင်တဲ့ ပင်လယ်ကွေနိုင်ငံတွေက ယီမင်နိုင်ငံ ဆာနာ မြို့တော်က ဟူသီသူပုန်တွေကို မတ် ၂၈ရက်က ၃ ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ သမ္မတ ဟာဒီ ပြောင်းရွှေ့နေထိုင်တဲ့ နိုင်ငံတောင်ပိုင်း အေဒင်မြို့ကို ဟူသီ သူပုန်တွေ ထိုးစစ်စတင်ခဲ့ချိန်မှာ ဟာဒီက ဆော်ဒီအာရေးဗီးယားနိုင်ငံကို ထွက်ခွာပြီးနောက် လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာကျင်းပတဲ့ အာရပ်နိုင်ငံများညီလာခံမှာ တက်ရောက်နေတဲ့ အာရပ်နိုင်ငံတွေက ယီမင်နိုင်ငံမှာ စစ်ရေးအရ၀င်ရောက်တိုက်ခိုက်တာကို ထောက်ခံပြီး ဟူသီသူပုန်တွေ လက်နက်မချမချင်း ဆက်လက် တိုက်ခိုက်ပေးဖို့ ဟာဒီက တောင်းဆိုပါတယ်။ ယီမင်အရေးအခင်းလို ထပ်မံကြုံတွေ့ပါက စစ်ရေးအရ ဖြေရှင်းဖို့ အာရပ် ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့လည်း အီဂျစ်သမ္မတက တောင်းဆိုထားပါတယ်။ [gallery ids="87615,87613,87614,87612"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up