ပိုင်ဆိုင်မှုအများစု လူမှုရေးအတွက် လှူမည်ဟု အဲပယ်လ်အမှုဆောင်အရာရှိ ပြော

747
မကွယ်လွန်ခင် ပိုင်ဆိုင်မှုအများစုကို လူမှုရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမယ်လို့ အဲပယ်လ် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိ တင်ကွတ်ခ်က ပြောပါတယ်။
၁၀နှစ်အရွယ်တူရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးပြီးရင်တော့ ပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပရဟိတလုပ်ငန်းအတွက် လှူဒါန်းမယ်လို့ ဖော်ကျွန်း မဂ္ဂဇင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက စီအီးအို တင်ကွတ်ခ်ဟာရဲ့ အခြေခံလစာ ၄၃ ရာခိုင်နှုန်း တိုးမြှင့်သွားပြီးနောက် တနှစ် ၀င်ငွေ ၉.၂ သန်းရှိတယ်လို့ ဒီမဂ္ဂဇင်းမှာ ဖော်ပြပါတယ်။
အဲပယ်လ် ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး တင်ကွတ်ခ်ကိုတိုင် အစုရှယ်ယာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ပါဝင်နေသလို တခြား စတော့ ရှယ်ယာတွေမှာလည်း ဒေါ်လာ ၆၆၅ သန်းပိုင်ဆိုင်တဲ့ အတွက် သန်း ၈၀၀ ကျော်ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။