Home
မြန်မာသတင်း
ရာသီဥတုကြောင့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ခရီးစဉ် ရွှေ့ဆိုင်း
DVB
·
March 28, 2015
ဆိုလာ အင်းပတ်စ်၂ လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ မန္တလေးကနေ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံကင်းလေဆိပ်ကို ဒီနေ့ ထွက်ခွာဖို့ ပြင်ထားပေမယ့် ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ရာသီဥတု အခြေအနေ ကောင်းမွန်ရင်  မတ် ၃၀ ရက် မနက် ၄ နာရီခွဲ  မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာမှာ ဖြစ်ပြီး မန္တလေးတောင်ကို ဖြတ်သန်း သရုပ်ပြပျံသန်းပြီး တရုတ်နိုင်ငံ နိုင်ငံချုံကင်း လေဆိပ်ကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီလေယဉ်ကို အမေရိကန်ဒေါ်လာသန်း ၁၃၀ လောက် အကုန်အကျခံပြီး ဆိုလာဆဲလ်ပေါင်း ၁၇၀၀၀ နဲ့ တည်ဆောက်ထားပါတယ်။  နေရောညပါ ၅ ရက် ဆက်တိုက်ပျံသန်းနိုင်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်နဲ့ ပထမဆုံးကမ္ဘာတပတ်ခရီးစဉ်ကို အခုလ ၉  ရက်နေ့က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော်ကနေ စတင်ခဲ့တာပါ။ မတ် ၁၉ ရက် ည ၈ နာရီက အိန္ဒိယနိုင်ငံ ဗာရာဏ သီလေဆိပ်ကနေ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ခဲ့တာပါ။ မြန်မာနိုင်ငံပြီးရင်  တရုတ်နိုင်ငံကနေတဆင့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်နိုင်ငံ၊ အဲ့ဒီကနေမှတဆင့် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဥရောပတောင်ပိုင်းကနေ အဘူဒါဘီမြို့တော်ကို ပြန်ဆိုက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံး မိုင် ၂၂၀၀၀ ကို ဆွစ်ဇာလန်နိုင်ငံသား စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ ဘာတရမ် ပစ်ကဒ် နဲ့ အင်ဒရေ ဘောခ်ျဘာဒ့် Bertrand Piccard နဲ့ Andre Borschberg တို့က တလှည့်စီမောင်းနှင်ကြမှာဖြစ်ပါတယ်။ ၁ နာရီမိုင် ၃၀ ကနေ မိုင် ၆၀ အကြား ပျံသန်းချိန်အားလုံး ၂၅ ရက်ပဲ ကြာမြင့်မယ့်ခရီးစဉ်ကို အချိန် ၅ လကြာ ကမ္ဘာ့မြို့တွေမှာ ရပ်နားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု လူထုကို အသိပေးလှုံ့ဆော်ဖို့ စီစဉ်ထားပါတယ်။ လေယာဉ်ဟာ အလေးချိန် ၂၃၀၀ ကီလို ကားတစီးသာသာ အလေးချိန်ရှိပြီး အတောင်ပံအကျယ်ကတော့ ဘိုးရင်း ၇၄၇ ဂျက်လေယာဉ်အတောင်ပံထက်တောင် ကျယ်ပြန့်ပါတယ်။ [gallery ids="86332,86333,86331,86330"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024