ဒီဂီရာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် စကာတယ်ကို ၃ ပွဲပယ်

မန်ယူဂိုးသမား ဒီဂီရာအပေါ် ရည်ရွယ်ချက်ရှိရှိ ခြေထောက်နဲ့နင်းဖို့ ကြံစည်ခဲ့တယ်ဆိုပြီး  FA ရဲ့ စွဲချက်အပေါ် အယူခံရှုံးခဲ့တာကြောင့်  လီဗာပူးနောက်ခံလူ မာတင် စကာတယ်ဟာ   သုံးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ပွဲမှာ  စကာတယ်က ဒီဂီရာရဲ့ ခြေသလုံးကို ဖြတ်နင်းဖို့ ကြိုးစားခဲ့ပြီး ကစားသမား ၂ ဦး စကားများခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင်က ကစားသမား ၂ ဦးလုံးအပေါ် ဘာပြစ်ဒဏ်မှ မပေးခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်ကိုပြန်ကြည့်ပြီး  စကာတယ်ကို  မတ် ၂၄ ရက်နေ့က  စွဲချက်တင်ခဲ့ပြီး သူဆီက ဖြေရှင်းချက်တောင်းခဲ့ပါတယ်။ _81839524_skrtel_reutersသူ့ရဲ့ ဖြေရှင်းချက်ကို အဖွဲ့ဝင် ၃ ဦးပါတဲ့ ဂျူရီအဖွဲ့က လက်မခံတဲ့အတွက် ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရတာဖြစ်ပါတယ်။ စကာတယ်ဟာ  ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ အာဆင်နယ်၊ နယူးကာစတယ် ပွဲအပြင် ဘလက်ဘန်းရိုဗာအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲစဉ်ကိုလည်း လွဲချော်သွားပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up