န၀ဒေးတံတားအလွန်တွင် ကားတစီး ချောက်ထဲကျ

ပြည်မြို့ န၀ဒေးတံတားအလွန်မှာ ဒုတိယအကြိမ် ကားတစီး ချောက်ထဲ ကျ ပျက်စီးသွားခဲ့ပါတယ်။ မတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ပြည်မြို့က ထွက်လာတဲ့ Fugi ဆပ်ပြာ ကုမ္ပဏီကားဟာ ဧရာဝတီမြစ်၊ န၀ဒေးတံတားအလွန်၊ ရွှေဘုံသာအုပ်စု၊ ထိပ်တန်းဓာတ်ဆီဆိုင် အနီး၊ မိုင်တိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ချောက်ထဲကျ ပျက်စီးခဲ့တာပါ။ ပြုတ်ကျခဲ့တဲ့ကားဟာ ဘော်ဒီနဲ့ကိုယ်ထည် ပျက်စီးသွားခဲ့ပြီး၊ ကားပေါ်မှာ လိုက်ပါလာတဲ့ လူ ၃ ဦးထဲက ယာဉ်မောင်းဖြစ်သူရဲ့ လက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့ပါတယ်။ car1အဲဒီယာဉ်မောင်းဖြစ်သူကို ဥသျှစ်ပင်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်း အက်ဥပဒေ ပုဒ်မ ၂၁/၆၄ နဲ့ အရေးယူထားလို့ သိရပါတယ်။ န၀ဒေးတံတား အလွန် ကားလမ်းက လိမ်နေတာကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က လည်း RAV 4 စလွန်းကားတစီး ဒီချောက်ထဲကိုပဲ ထိုးကျခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up