အယ်လ်ဘေးနီးယား နိုင်ငံသား ၂ ဦးကို အကြမ်းဖက်မှုသံသယဖြင့် အီတလီရဲဖမ်းဆီး

အီတလီ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေက အယ်လ်ဘေးနီးယားနိုင်ငံသား ၂ ဦးနဲ့ အီတလီနိုင်ငံသား ၁ ဦးကို အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေ ကျူးလွန်ကြောင်း သံသယရှိလို့ ဖမ်းဆီးခဲ့ပါတယ်။ အီတလီနိုင်ငံမြောက်ပိုင်းက လိပ်စာအတော်များများကိုလည်း ရှာနေတယ်လို့ ရဲက မတ် ၂၅ ရက်နေ့က ပြောပါတယ်။ အယ်လ်ဘေးနီးယားမှာ နေတဲ့ အမျိုးသား ၁ ဦးနဲ့ တူရင်ဒေသဝန်းကျင်မှာ နေတဲ့ တူဖြစ်သူတို့ကို အကြမ်းဖက်မှုအတွက် လူစုနေတယ်လို့ သံသယ ရှိထားပြီး မော်ရိုကိုမျိုးနွယ် အသက် ၂၀ အရွယ် အီတလီနိုင်ငံသားကိုတော့ အင်တာနက်ပေါ်မှာ အကြမ်းဖက်မှုကို အားပေးတာ သံသယရှိအတွက် ဖမ်းခဲ့တာလို့ ရဲကြေညာချက်က ဆိုပါတယ်။ လွန်ဘာဒီ ပေမွန်တီနဲ့ တက်စ်ကာနီဒေသတွေက ရှာဖွေမှုတွေကတော့ အစ္စလာမစ် စစ်သွေးကြွ အုပ်စုတွေကို စာနာသူတွေလို့ သံသယရှိသူတွေကို ဦးတည်ထားပါတယ်။ ရဲတွေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအရာရှိတွေက အယ်လ်ဘေးနီးယားက တီရာနာ ဒေသနားမှာ အလုပ်လုပ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။ တခြားဥရောပနိုင်ငံတွေလိုပဲ အီတလီနိုင်ငံဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို ပံ့ပိုးနေတယ်လို့ သံသယရှိသူ ၁ ဦးချင်းကို စောင့်ကြည့်မှုတွေ တိုးလုပ်နေပါတယ်။ အီတလီနိုင်ငံသားတချို့က အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ပွဲဝင်ဖို့ ခရီးသွားခဲ့တယ်ဆိုတဲ့ ညွှန်ပြချက်တွေ တွေ့အပြီး ခုလိုလုပ်တာပါ။ အီတလီပြည်ထဲရေးဝန်ကြီးက အစ္စလာမ္မစ်တိုက်ခိုက်ရေးသမား ၅၉ ဦးဟာ အီတလီနဲ့ အဆက်အသွယ်တချို့ရှိတယ်ဆိုတာ ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီးပြီလို့ ဇန်နဝါရီလက ပြောပါတယ်။ အနောက်နိုင်ငံအစိုးရတွေဟာ သူတို့နိုင်ငံသားတွေက အစွန်းရောက်တွေအဖြစ် ပြန်လာပြီး ဇာတိမြေမှာ တိုက်ခိုက်မှုတွေ လုပ်မှာကို စိုးရိမ် ကြောက်လန့်နေခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဖေဖော်ဝါရီလက သရော်စာမဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခံရအပြီး  ဗာတီကန်နဲ့ တခြားအကြီးစားခရီးသွားသူတွေ လည်ပတ်တဲ့နေရာတွေမှာ အီတလီရဲတပ်ဖွဲ့တွေက တပ်ချမှု တိုးမြှင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up