Home
မြန်မာသတင်း
ဘီဂျီအက်ဖ်က ပိတ်ထားသည့် သောင်ရင်းမြစ်ဂိတ်ကို ပြန်ဖွင့်
DVB
·
March 25, 2015
ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ကနေပြီး မတ် ၂၄ ရက်နေ့ မနက်ပိုင်း ၇ နာရီကစပြီး  သောင်ရင်းမြစ်တလျှောက်က လှေဂိတ်တွေကို ပိတ်ထားခဲ့ရာက ညနေ ၅ နာရီမှာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တွေအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်း အထူးအဖွဲ့တဖွဲ့ကနေပြီး စက်သုံးဆီတွေကို နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်ကလွဲရင် ကျန်တဲ့ဂိတ်ကို မတင်သွင်းဖို့ ပိတ်ပင်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ မနေ့က သူတို့ ထိန်းချုပ်နယ်မြေက ဂိတ် ၂၃ ခုကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဂိတ်တွေ ပိတ်ပြီးနောက်ပိုင်း နှစ်ဖက်ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့တဲ့အတွက်  ထိုင်းဘက်က ပြန်လည်ညှိနှိုင်းပြီး ဆီပြန်သွင်းခွင့် ပြန်ပေးလိုက်တဲ့အတွက် ညနေ ၅ နာရီမှာ ဂိတ်တွေ ပြန်ဖွင့်ပေးခဲ့တာလို့  ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။ “ထိုင်းဘက်က နောက်ကို ဒီလို ထပ်မဖြစ်ဖို့ ကတိပေးပါတယ်လို့ ပြောပါတယ်။  အဲဒီအဖွဲ့ကိုလည်း ချက်ချင်းပြန်ခေါ်သွားပါတယ်လို့ သိရပါတယ်။” ဘီဂျီအက်ဖ်တပ်ဖွဲ့ဘက်က ဂိတ်ပိတ်ခဲ့တဲ့အတွက် ၁ ရက်တာ ကုန်စည် စီးဆင်းမှု ရပ်တန့်ခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024