ချင်းမိုင်ခရိုင်တွင် ရထားနှင့်ကားတိုက်မှုဖြစ်၊ ရှမ်းအလုပ်သမား ၇ ဦး သေဆုံး
DVB
·
March 25, 2015
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ်ထဲမှာ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ရထား နဲ့ ကားတိုက်မိပြီး ကားပေါ်ပါလာတဲ့ ရှမ်းအလုပ်သမား ၇ ဦး သေဆုံးခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆာရဖီးမြို့နယ် ရဲစခန်းက တာဝန်ကျ ဒုရဲအုပ် ကမ်ကျောက် ဆုယားဒီ ပြောပြချက်အရ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် ဆာရဖီးဆေးရုံအနောက်ဘက်မှာ ရထားနဲ့ကားတိုက်မိကြောင်း သတင်းရလို့ လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးရာမှာ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၂ ဦး အလောင်းတို့ကို တွေ့ရှိပြီး အမျိုးသား ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ အားလုံးကို ဆာရဖီးဆေးရုံ ပို့ဆောင်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
[caption id="attachment_86906" align="aligncenter" width="615"] ဓာတ်ပုံ - Maejorescue ChiangMai's post[/caption]
မျက်မြင်သက်သေတွေ ပြောပြချက်အရ အဲဒီကားဟာ ၀ပ်ပတ်ကောင့် ဘုန်းကြီးကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ အလုပ်သမားတွေကို တင်ဆောင်လာတာဖြစ်ပြီး မိုးတွေမည်းမှောင်နေတဲ့အတွက် အရှိန်နဲ့မောင်းလာတဲ့ ရထားကိုမမြင်ဘဲ ရထားရှေ့ကို ဖြတ်မောင်းခဲ့တာလို့ ဆိုပါတယ်။
[caption id="attachment_86907" align="aligncenter" width="639"] ဓာတ်ပုံ - Maejorescue ChiangMai's post[/caption]
ဟိုင်းလပ်ကားမောင်းသူနဲ့ ကားပေါ်ပါလာသူအားလုံးဟာ တောင်ပေါ်သားကတ် ကိုင်ဆောင်သူနဲ့ ရွှေ့ပြောင်းအလုပ်သမား ရှမ်းလူမျိုးတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။