ဆီမြွန်နီကို သက်တမ်းထပ်တိုးလိုက်သည့် အက်သလက်တီကို

1.4K
စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီဂို ဆီမြွန်နီကို အသင်းက စာချုပ်သက်တမ်း ထပ်တိုးလိုက်တဲ့အတွက် အသင်းမှာ ၂၀၂၀ ခုနှစ်မတိုင်ခင်အထိ ရှိနေတော့မှာပါ။
အသက် ၄၄ နှစ် ဆီမြွန်နီဟာ ၂၀၁၁ ခုနှစ်မှာ နည်းပြ တာဝန်ကို ယူပြီး နောက်ပိုင်း လာလီဂါ ချန်ပီယံဆုနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတွေကို ရယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး ဒုတိယ ရထားပါတယ်။
ကလပ်က ဒီထက်ပို တိုးတက်နိုင်မယ်ဆိုတာကို သဘောပေါက်ထားလို့ ဒီမှာ ဆက်ပြီး ရှိနေတာပါလို့ စာချုပ်သက်တမ်းတိုးရတဲ့အကြောင်း ဆီမြွန်နီက ပြောဆိုသွားပါတယ်။
အက်သလက်တီကိုအသင်း ရလဒ်နဲ့ ခြေစွမ်း ကောင်းအောင် စွမ်းဆောင်ပေးထားလို့ ဆီမြွန်နီကို ဥရောပထိပ်တန်းကလပ်တွေက စောင့်ကြည့်နေပါတယ်။
ဆီမြွန်နီကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ မန်စီးတီးက ထိပ်ဆုံးကနေ ကြိုးစားနေပါတယ်။