မျိုးတုန်းပျောက်ကွယ်ရန် စိုးရိမ်အဆင့် ရှိနေသည့် ပိုင်းလော့ဝေလငါး ၁၂ ကောင် သေဆုံး (ရုပ်သံ)

သြစတြေးလျနိုင်ငံအနောက်ပိုင်း၊ Bunbury အနီးမှာ သောင်တင်ခဲ့ကြတဲ့ ပိုင်းလော့ဝေလငါးမျိုးတွေကို အချိန်မီမကယ်တင်နိုင်ခဲ့လို့ ၁၂ ကောင် သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုပါတယ်။ ပိုင်းလော့ဝေလငါးမျိုး အကောင် ၂၀ လောက် သောင်တင်ခဲ့တာကို မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ကြပြီး နာရီအတန်ကြာကယ်တင်ခဲ့ရတယ်လို့ ကယ်ဆယ်ခဲ့ကြတဲ့ ဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန်ဌာနက ပြောဆိုပါတယ်။ အဖွဲ့ခေါင်းဆောင်က အခုလို ငါးတွေကို ကယ်ဆယ်ရေးအတွက် အချိန်ယူရပေမယ့် Bunbury မြို့မှာတော့ လွယ်လွယ်ကူကူပဲ လူစုနိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ၄ ကောင်ကိုတော့ ရေထဲ ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ သေဆုံးခဲ့ကြတဲ့ ၁၂ ကောင်ကိုတော့ စွန့်ပစ်ဖို့ ကမ်းပေါ်ဆွဲတင်ခဲ့ကြပါတယ်။ ဘာကြောင့် ဒီမျိုးတုန်းပျောက်ကွယ်ဖို့ စိုးရိမ်အဆင့်မှာရှိနေတဲ့ ဒီပိုင်းလော့ဝေလငါးတွေ ဘာကြောင့် သောင်တင်လာကြလည်းဆိုတာကို အတိအကျသိရှိနိုင်ဖို့ တိရစ္ဆာန်ကျွမ်းကျင်သူတွေက နမူနာစတွေယူ စစ်ဆေးသွားကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up