ဆုဖလား ၅၀ ရယူနိုင်ပြီဖြစ်သည့် ဂျိုကိုဗစ်

ဂျိုကိုဗစ် အမေရိကန်နိုင်ငံမှာ မတ်လ ၂၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ Indian Wells တင်းနစ် အမျိုးသား တဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ရော်ဂျာ ဖက်ဒရာကို အနိုင်ရသွားပါတယ်။ ဒါဟာ ဒီပြိုင်ပွဲမှာ ၄ ကြိမ်မြောက် ဗိုလ်စွဲတာ ဖြစ်သလို ကစားသမားဘ၀အတွင်း ၅၀ ကြိမ်မြောက် ရရှိတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ ပထမပွဲမှာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်က လက်ရည် အသာနဲ့ထိန်းချုပ် ကစားသွားပြီး ၆ - ၃ နဲ့ အနိုင်ရသွားတာပါ။ ဒုတိယပွဲမှာ ကမ္ဘာ့အဆင့် ၂ ဖက်ဒရာဟာ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဂျိုကိုဗစ် Double Faults ၃ ကြိမ်အထိ ဖြစ်လို့ ၇ - ၆ နဲ့ အနိုင်ရသွားပါတယ်။ ဆီမီးဖိုင်နယ်မှာတုန်းက ဂျိုကိုဗစ်က မာရေးကို အနိုင်ယူပြီး ဖြတ်ကျော်လာတာပါ။ နောက်ဆုံး ပွဲမှာ ဖက်ဒရာ အမှားများလို့ ဂျိုကိုဗစ်က ၆ - ၂နဲ့ နိုင်ပြီး Indian Wells ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ [gallery ids="86745,86746,86747,86748"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up