၁ နှစ်ပြည့် အီဘိုလာရောဂါအန္တရာယ် ထိန်းချုပ်ရန်ခက်ခဲနေဆဲ

ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့က အနောက်အာဖရိကနိုင်ငံတခုဖြစ်တဲ့ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ ပြန်ပြီး ဖြစ်ပွားခဲ့တာ ဒီကနေ့မှာ တနှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ရောဂါဟာ လူသားတွေကို ဆက်လက်ခြိမ်းခြောက်နေဆဲ၊ ထိန်းချုပ်ရေးခက်ခဲနေဆဲဖြစ်တယ်လို့ အနောက် အာဖရိက နိုင်ငံတွေရဲ့ အာဏာပိုင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ ရောဂါအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ စီယာယာ လီယွန်၊ ဂီနီနဲ့ လိုင်ဘေးရီးယားနိုင်ငံတို့မှာ ရောဂါကူးစက်မှုတွေ သိသိသာသာ ကျလာပေမယ့် ပြန်လည်ထူထောင်ရေး အထူးကြိုးစား ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အီဘိုလာရောဂါကြောင့် အနောက်အာဖရိက ၃ နိုင်ငံပေါင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပြီး ၃ နိုင်ငံပေါင်း ထုတ်ကုန် ၁၂ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ပါတယ်။ အီဘိုလာမဖြစ်ခင် ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး ခန့်မှန်းချက်တွေကိုတာ့ ဘယ်လိုမှ မမီနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့က ဂီနီနိုင်ငံအရှေ့ပိုင်းမှာ အီဘိုလာရောဂါ ပြန်လည်စတင်ကူးစက်ခဲ့ပြီး စုစုပေါင်း လူ ၁၀၂၀၀ ကျော် သေဆုံးခဲ့တာကြောင့် အီဘိုလာရောဂါသမိုင်းမှာ ဒီတကြိမ်ဟာ လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဂီနီနိုင်ငံမှာ ရောဂါကူးစက်မှုတွေ ပြန်ဖြစ်လာသလို အီဘိုလာရောဂါကင်းစင်နိုင်ငံ ကြေညာဖို့ ရက်တွေကို ရေတွက်နေတဲ့ လိုင်ဘေးရီးယားနိုင်ငံမှာလည်း အမျိုးသမီးတဦး ရောဂါထပ်မံ ကူးစက်ခံခဲ့ရပါတယ်။ ၄၂ ရက်ကြာ ရောဂါကူးစက်မှု မရှိတော့ရင် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ကြေညာနိုင်တယ်လို့ WHO အဖွဲ့ကြီးက သတ်မှတ်ထားတာပါ။ လက်ရှိ ရောဂါကူးစက်မှု အခြေအနေ၊ လတ်တလော စမ်းသပ်ထားတဲ့ ရောဂါကာကွယ်ဆေး ရလဒ်တွေပေါ်မူတည်ပြီး ဒီအီဘိုလာစမ်းသပ်ဆေးတွေကို တရားဝင်သုံးစွဲနိုင်မလားဆိုတာကို အစောဆုံး လာမယ့် သြဂုတ်လထဲမှာ ဆုံးဖြတ်မယ်လို့ WHO က ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ [gallery ids="77685,77686,77687,77688"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up