ဆီးရီးယားအစိုးရပိုင် ရဟတ်ယာဉ် သူပုန်နယ်မြေအတွင်း ပျက်ကျ၊ ၄ ဦး အဖမ်းခံရ (ရုပ်သံ)

ဆီးရီးယားအစိုးရပိုင် ရဟတ်ယာဉ်တစီး နိုင်ငံအနောက်မြောက်ပိုင်း သူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေအတွင်း မတ် ၂၂ ရက်နေ့က ပျက်ကျခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။ ဆီးရီးယားသူပုန်တပ်ဖွဲ့ တပ်ဦးအပါအ၀င် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ပြည်နယ်အတွင်းမှာ ပျက်ကျသွားခဲ့တာပါ။ ရဟတ်ယာဉ်ပေါ်ပါသူ အနည်းဆုံး ၆ ဦးမှာ ၄ ဦး အဖမ်းခံရပါတယ်။ ၁ ဦး သေဆုံးပြီး ၁ ဦးရဲ့ အခြေအနေကိုတော့ မသိရပါဘူး။ ဆီးရီးယားအစိုးရပိုင် ရုပ်သံသတင်းဌာနကလည်း စစ်တပ်ပိုင်ရဟတ်ယာဉ်တစီး နိုင်ငံအနောက်မြောက်ပိုင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေး စတင်ဆောင်ရွက်နေပြီလို့ ကြေညာပါတယ်။ ဆီးရီးယားအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး အခုလို ရဟတ်ယာဉ်တွေနဲ့ စည်ပိုင်းဗုံးတွေ ရာနဲ့ ချီပြီး သူပုန်ဒေသတွေမှာ ကြဲချနေတယ်လို့ အခိုင်အမာ စွပ်စွဲခံနေရတာပါ။ ဆီးရီးယားသမ္မတ အာဆတ်ကတော့ အစိုးရတပ်ဖွဲ့တွေ စည်ပိုင်းဗုံးတွေ သုံးတယ်ဆိုတာ ကိုတော့ အမြဲငြင်းဆန်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ် ၄ နှစ်တာအတွင်း ဆီးရီးယားပြည်သူ ၂ သိန်းကျော် သေဆုံးခဲ့ကြပြီး ၁၁ သန်းကျော်ဟာလည်း ပြည်တွင်းပြည်ပ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up