အိုလံပစ် အလေးမချန်ပီယံဟောင်း နေအိမ်တွင် သေဆုံးနေ

ဘူဂေးရီးယားနိုင်ငံက အိုလံပစ် အလေးမ ချန်ပီယံဟောင်း မီလန် ဒေါ့ဘရက် သေဆုံးသွားပြီ ဖြစ်ကြောင်း ဘူဂေးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ သေဆုံးချိန်မှာ အသက် ၃၅ နှစ်အရွယ် ရှိနေတဲ့ ဒေါ့ဘရက်ရဲ့ ရုပ်အလောင်းကို နေအိမ်မှာ တွေ့ရှိတာလို့ ဘူဂေရီးယား ပြည်ထဲရေး ပြောခွင့်ရသူကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒေါ့ဘရက်ရဲ့ ကိုယ်ခန္ဓာမှာ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေ မတွေ့ရသလို ဘာကြောင့် သေဆုံးသလဲ ဆိုတာကိုလည်း တိတိကျကျ မသိရသေးဘူး။ အလေးမ ချန်ပီယံ ဒေါ့ဘရက်ဟာ အိုလံပစ် ရွှေတံဆိပ်ဆုကို ၉၄ ကီလိုတန်းမှာ ၂၀၀၄ ခုနှစ် ဂရိနိုင်ငံ အေသင်ပြိုင်ပွဲမှာ ရရှိခဲ့တာပါ။ ဒါ့အပြင် သူဟာ ၂၀၀၃ ခုနှစ်တုန်းကလည်း ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ပြုလုပ်တဲ့  ကမ္ဘာ့အလေးမ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရခဲ့သလို ဥရောပ ပြိုင်ပွဲမှာလည်း ဆုတံဆိပ် ၂ ခု ရဖူးထားပါတယ်။ ဘူဂေးရီးယားသား ဒေါ့ဘရတ်ဟာ ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင် မတိုင်ခင်မှာ ဒဏ်ရာတွေကြောင့် အလေးမ အားကစားကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up