Home
သတင်းတို
မြန်မာတွင် အလုပ်သမား ၁၀၀ ရာခိုင်နှုန်းခန့် လူမှုဖူလုံရေး ခံစားခွင့်မရ
DVB
·
March 22, 2015
မြန်မာနိုင်ငံရဲ့ အလုပ်သမားဦးရေ ၁၀၀ ရာခိုင်နှုန်းလောက်  လူမှုဖူလုံရေးရဲ့ ခံစားခွင့်ကို မခံစားရသေးကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၁ ရက်က စစ်ကိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရွှေဘိုမြို့နဲ့ ကောလင်းမြို့တွေမှာ အလုပ်သမား ၁၀ ဦးကို လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အာမခံ အမြဲတမ်းသန်မစွမ်းနှင့် ကျန်ရစ်သူပင်စင်ထုတ်ပေးတဲ့ အခမ်းနားကို မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းနားပြီး သတင်းထောက်တွေက တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားဦးရေ ၉၈.၅ သန်းဟာ လူမှုဖူလုံရေးခံစားခွင့်ကို မခံစားရသေးကြောင်းနဲ့ လူမှုဖူလုံရေးအတွက် အလုပ်သမားတိုင်း အာမခံထားရှိသင့်ကြောင်း  ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အခမ်းနားမှာ လုပ်ငန်းခွင်ကြောင့် သေဆုံးခဲ့သူတွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ လုပ်ငန်းခွင်ကြောင့် ကိုယ်အင်္ဂါချို့တဲ့သူတွေကို အကျိုးခံစားခွင့် စုစုပေါင်းကျပ်ငွေ ၁၁ သန်းကျော် ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024