Home
မြန်မာသတင်း
လမ်းကြိုလမ်းကြား အပေါ့စွန့်မှုကနေ ကာကွယ်သည့် အဆင့်မြင့်သုတ်ဆေး
DVB
·
March 22, 2015
စိန့်ပေါလီမှာ ပြည့်တန်ဆာလုပ်ငန်းကနေ မိုးလင်းပိုင်းထိဖွင့်တဲ့ အရက်ဆိုင်တွေအထိ အားလုံး လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် ဒေသခံတွေ အရမ်းကို စိတ်ပျက်နေရတဲ့ အချက်တချက်ရှိပါတယ်။ ဟန်းဘတ်ပြည်နယ်ရဲ့ နာမည်ကျော်ရပ်ကွက်ထဲကလမ်းမကြီးတွေနဲ့ လမ်းကြိုလမ်းကြားတွေမှာ အမျိုးသားတွေက အပေါ့စွန့်နေကြတဲ့အဖြစ်ပါပဲ။ ဒါပေမယ့် ရပ်ကွက်အကြီးအကဲ ဂျူလီယာစတာရွန်ဟာ စိန့်ပေါလီဒေသခံတွေကို ဒီဒုက္ခကနေ လွတ်အောင် ကူညီပေးနေပါတယ်။ သူမဟာ ဒီဒေသက နံရံတွေပေါ်မှာ အဆင့်မြင့် နည်းပညာသုံး ရေစိုဒဏ်ခံသုတ်ဆေးသုတ်နေတာပါ။ နစ်ဆန်းကားကုမ္ပဏီက ဆန်းသစ်တီထွင်လိုက်တဲ့ နာနိုနည်းပညာသုံး ထပ်ပိုးလွှာဆီဆေးဟာ ရေစိမ့်မ၀င်နိုင်ပါဘူး။ အဲဒီသုတ်ဆေးပေါ်ကို အပေါ့စွန့်မိတဲ့ အသောက်သမားကတော့ သူ့ဆီးတွေနဲ့ပဲ ရွှဲရွဲစိုသွားမှာပါ။ "ရေစိမ့်မ၀င်နိုင်တဲ့ သုတ်ဆေးက အထောက်အကူဖြစ်ပါတယ်။ တခြားထုတ်လုပ်သူတွေ ရှိပေမယ့် ဒီတံဆိပ်နဲ့ပဲ အရမ်းကိုအဆင်ပြေတယ်" လို့ ဂျူလီယာစတာရွန်က ပြောပါတယ်။ သူမရဲ့ ဘာသာစကားနှစ်မျိုးပါ သတိပေးဆိုင်းဘုတ်တွေကို သုတ်ဆေးနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် အမျိုးသားတွေရဲ့ အကျင့်ကိုပြောင်းလဲပစ်နိုင်မှာပါလို့ သူမက ထုတ်ဖော်ပြောဆိုပါတယ်။ ၆ စတုရန်းမီတာ ဧရိယာကို ဆေးသုတ်ဖို့အတွက် ဒေါ်လာ ၅၀၀ ကျသင့်ပါတယ်။ ဒါပေမယ့် ဒီကုန်ကျစရိတ်ဟာ တန်ကြောင်းနဲ့ ကြော်ငြာအားရဲ့ တစစ ထိုးဖောက်စိမ့်ဝင်မှုကလည်း အကူအညီဖြစ်ကြောင်း စတာရွန်က ပြောပါတယ်။ [gallery ids="86598,86599,86600,86601,86602,86603"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024