ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မည့် မြန်မာ့တပ်မတော်က သတိပေးချက်ထုတ်ပြန်
DVB
·
March 22, 2015
မြန်မာ့တပ်မတော်က စစ်ရေယာဉ်တွေဟာ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနဲ့ လက်နက်တွေ လေ့ကျင့်ပစ်ခတ်တာတွေကို ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်ဘက် ရေပြင်မှာ မတ်လ ၂၇ ရက်ကနေ ဧပြီ ၆ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
လေ့ကျင့်ခန်း ဧရိယာအတွင်း ၅ မိုင်ပတ်လည်မှာ ဘေးအန္တရာယ်ကင်းစေဖို့အတွက် သင်္ဘောကြီးငယ်တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်း သင်္ဘောတွေ၊စက်တပ် သမာန်တွေ ဖြတ်သန်းသွားလာတာ၊ ရပ်နားတာတွေ မရှိဖို့ သတိပေးချက် ကြေညာထားပါတယ်။
ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁သောင်း ၅ ထောင်အောက် ဖြတ်ကျော် ပျံသိန်းတွေ မလုပ်ဖို့ကိုလည်း အသိပေးထားပါတယ်။